1. Innovation (ဆန်းသစ်ပြောင်းလဲခြင်း)
MMRA အသင်းဝင်များသည် လက်လီအရောင်းလုပ်ငန်းစုဖွံ့ဖြိုးတိုးတတ်ရေးကော်မတီ(Retail Industry Development Committee) မှဆောင်ရွက်ပေးမည့် ခေတ်မီလက်လီရောင်းချခြင်းဆိုင်ရာ အစီအစဉ်များ၏ အကျိုးကျေးဇူးများကို ခံစားနိုင်ပါမည်။ MMRA မှ အစီအစဉ် မြောက်များစွာ ကမ်းလှမ်းရန်ရှိပြီး ၊ အသင်းဝင်များသက်သက်ကိုသာ ရည်ရွယ်ထားပါသည်။ MMRA သည် ဆန်းသစ်သော စိတ်ကူးစိတ်သန်းများကိုလည်း ကြိုဆိုပြီး ၊ ယင်းစိတ်ကူး စိတ်သန်းများကို အမြဲတမ်းအကောင်အထည်ဖော်သွားရန် အဆင်သင့်ဖြစ်နေမည်ဖြစ်သည်။

2. Education (အသိပညာ ပြန့်ပွားရေး)
မည်သည့်နေရာမျိုးတွင်မှ မပေးနိုင်သော၊ လက်လီရောင်းချရေးလုပ်ငန်းဆိုင်ရာ သင်တန်းများ ပို့ချနိုင်ရန်အတွက် အသိပညာပြန့်ပွားရေးကော်မတီကို ကြိုတင်ပြင်ဆင်ထားပါသည်။ MMRA သည် အသိပညာပြန့်ပွားရေးကို ရည်ရွယ်လျက် နှီးနှောဖလှယ်ပွဲများကို စီစဉ်ပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် MMRA သည်ကျွမ်းကျင်ပညာရှင်များကိုဖိတ်ခေါ်၍ ဟောပြောပွဲအစီအစဉ်များ နှင့် ၊ အခြားနိုင်ငံများတွင် လက်လီရာင်းချစီးပွားရေး နှင့် ပတ်သက်၍ မည်ကဲ့သို့ပြုလုပ်နေသည်ကို သိရှိနိုင်ရန်အလို့ငှာ နိုင်ငံခြား လေ့လာရေးခရီးစဉ်များကိုလည်း ဆောင်ရွက်ပေးသွားရန်ရှိပါသည်။

3. Advocacy (ကိုယ်စားပြုတာဝန်ခံမှု)
MMRA သည်အကျိုးတူပူးပေါင်းသူအားလုးံနှင့် အတူတကွလက်တွဲလုပ်ကိုင်သွားမည်ဖြစ်ပြီး ၊ အသင်းနှင့်အသင်းဝင်များအတွက် ဆောင်ရွက်သင့်သမျှ လုပ်ငန်းစဉ်များကို ဖော်ထုတ်သွားမည်ဖြစ်ပါသည်။ MMRA သည် လက်လီ ရောင်းချရေးလုပ်ငန်းရေးရာများကို အကောင်းဆုးံ ကိုယ်စားပြုတာဝန်ခံဆွေးနွေးပေးသွားမည်ဖြစ်သည်။ MAR သည်အစိုးရဌာနများနှင့် ခိုင်မာသောဆက်ဆံရေးကို ဖန်တီးသွားရန် အကောင်းဆုးံဆောင်ရွက်သွားမည်ဖြစ်သည်။

4. Influence (သက်ရောက်မှု)
လက်လီရောင်းချသူများ၏ ပေါင်းစည်းခြင်းသည် MMRA အတွက် တမူထူးခြားသည့် တစ်ခုတည်းသော ရပါတည်မှုကို ဖန်တီးပေးသွားလိမ့်မည်ဖြစ်သည်။ MMRA သည် မြန်မာနိုင်ငံ လက်လီရောင်းချသူများအားလုးံ၏ တစ်ပေါင်းတစ်စည်းတည်းသော သဘောထားကို ဖော်ထုတ်ရာနေရာ ဖြစ်ရမည်။ ထိုမှတဆင့် အားကောင်းသော ပြောရေးဆိုခွင့်ကို ဖန်တီးသွားမည်ဖြစ်သည်။ အသင်းဝင်တိုင်း မဲပေးပိုင်ခွင့်ရှိသည် ၊ ဗဟိုအသင်းဝင်အမှုဆောင် ၊ အမှုဆောင်များအဖြစ် ၀င်ရောက်ရွေးချယ်ခံပိုင်ခွင့်ရှိသည်။

5. Industry Information(လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ)
MMRA သည် အသင်းဝင်များအတွက် လက်လီအရောင်းလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ ၊ နောင်ဆုးံ ထုတ်ပြန်ထားသော အစိုးရ၏ သတင်းအချက်အလက်များ ၊လုပ်ငန်းဆိုင်ရာ ရည်ညွှန်းကိန်းများ ၊ ၀ယ်ယူသုးံစွဲသူများ၏ လက်လီအရောင်းလုပ်ငန်း၏အပြောင်းအလဲများအပေါ် လေ့လာဆန်းစစ်မှုများနှင့် ၊ အခြားဆက်စပ် ရည်ြွှန်းကိန်းများကိုပါ ထုတ်ဝေသွားမည် ဖြစ်သည်။ အသင်းဝင်များသည် ထိုကဲ့သို့ ကျယ်ပြန့်သော အကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ်ပြီး၊ လုပ်ငန်းအတွက် အကောင်းဆုးံ ဆုးံဖြတ်ချက်များကို ချနိုင်ရန် MMRA ၏ အချက်အလက်များကို သုးံစွဲသွားနိုင်မည်ဖြစ်သည်။

6. Networking(ဆက်သွယ်ရေးကွန်ယက်)
MMRA သည် မည်သူ့ကိုမဆို ကြိုဆိုပြီး ၊ အခြေအနေများကို မြှင့်တင်ပေးမည့် အနေအထားတစ်ခုကို ဖန်တီးပေးသွားမည်၊ အသင်းဝင်များ အပြန်အလှန်တွေ့ဆုံနိုင်မည့် အစီအစဉ်များ ရရှိပြီး ၊ တစ်ဦးနှင့်တစ်ဦး လက်လီလုပ်ငန်းနှင့်ပတ်သက်သော သဘောထားနှင့် အမြင်များကို ဝေမျှဆွေးနွေးနိုင်မည်။ အကယ်၍ သင်သည် လူမှုရေးမီဒီယာ (Socail Media) ကိုသုးံစွဲသူတစ်ဦး ဖြစ်ပါက ၊ MMRA သည်နေ့စဉ်အခြေအနေများကို အွန်လိုင်းပေါ်တွင် အချင်းချင်း အပြန်အလှန် တိုက်ရိုက် ဆွေးနွေးအဖြေရှာနိုင်ရန် ဖန်တီးစီစဉ်ထားမည် ဖြစ်ကြောင်း အသိပေးလိုပါသည်။

7. Cost Savings(စရိတ် သက်သာခြင်း)
MMRA သည် "အသင်းဝင်များအတွက် သီးသန့် ၀န်ဆောင်မှု" မျိုးကို ကမ်းလှမ်းထားမည်။ နှီးနှောဖလှယ်ပွဲများနှင့် MMRA ကထုတ်ဝေသည့်စာအုပ်များအတွက် အထူးဈေးနှုန်းလျှော့ချပေးမှုကို အသင်းဝင်များကသာ ခံစားနိုင်ခွင့်ရှိမည်။ ထို့အပြင် နိုင်ငံခြားခရီးစဉ်များတွင် လိုက်ပါခွင့် နှင့် MMRA ၏ အွန်လိုင်းလမ်းညွှန်ကို ၀င်ရောက်ကြည့်ရှုခြင်း ကိစ္စများအတွက် အသင်းဝင်များကသာ ဦးစားပေးခံရမှုကို ရရှိမည်။

8. Media Relations(မီဒီယာလုပ်ငန်းများနှင့် ဆက်ဆံရေး)
MMRA သည် မီဒီယာ၊ စာနယ်ဇင်းများနှင့် အကောင်းဆုးံဆက်ဆံရေးကို ရရှိရန် ကြိုးပမ်းမည်။ မီဒီယာများနှင့် ဆက်ဆံရေးကောင်းကို ဆောင်ရွက်ထားခြင်းဖြင့် ၊ MMRA သည် လက်လီရောင်းချသူများ၏ မှန်ကန်တိကျသောအမြင် နှင့် လက်လီရောင်းချရေးလုပ်ငန်း၏ ကျယ်ပြန့်မှုကို ရရှိရန် စီစဉ်ပါမည်။

Like Us >>
MMRA Albums
Contact Us
8th Floor, Building(C ) New Mingalar Market
Corner of Satyone Road and Banyardala Road
Mingalar Taung Nyunt Township Yangon.
Tel: 09-31422555, 09-31422777